ဘားအံမြို့နယ် သမဝါယမအသင်းသား မြေပဲစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများပေးအပ်

ဘားအံ အောက်တိုဘာ ၃၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း သမဝါယမကဏ္ဍမှ ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ပျိုးရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် ကော့ကျိုက်ကျေးရွာရှိ ကော့ကျိုက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူများအား မြေပဲမျိုးနှင့်သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ထိုသို့ပေးအပ်ရာတွင် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်က မြေပဲစိုက်တောင်သူအသင်းသား (၃၄) ဦး၏ မြေပဲစိုက်ဧက(၁၅၀)အတွက် သမဝါယမအသင်းအချင်းချင်းပံ့ပိုးငွေဖြင့် တစ်ဧကလျှင် ငွေကျပ်(၂ ဒဿမ ၅ သိန်း) နှုန်းဖြင့် ညီမျှသော မြေပဲမျိုးနှင့်သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆောင်းမြေပဲစီမံကိန်းသီးနှံများနှင့်စပ်လျဉ်း၍ ဒေသရာသီဥတုနှင့်ကိုက်ညီသည့်အထွက်တိုး မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ နည်းစနစ်များမှန်ကန်ရေး၊ ထွက်ရှိလာသည့်မြေပဲများအား ဆီလုပ်ငန်းရှင်များ သမဝါယမအသင်းမှ ဆီစက်လုပ်ငန်းရှင်အသင်းများနှင့် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး၊ မြေပဲစိုက်ပျိုးရေးလက်ကမ်းစာစောင်များအားဖြန့်ဝေရှင်းလင်း၍ စာစောင်ပါအတိုင်းဆောင်ရွက်နိုင်ရေး ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ရေးရှင်းလင်းပြောကြားပြီး အသင်းသားတောင်သူများအား တန်ဖိုးငွေကျပ် (၃၇၅)သိန်းရှိ မြေပဲမျိုးနှင့်သွင်းအားစုများကိုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)