ကရင်ပြည်နယ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့တွင် ငွေကျပ်သိန်းကိုးသောင်းကျော်ခန့် ရင်းနှီးမြှုပ်နှံ၍ ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်းလာသည့် Alliance Eagles Group Limited အား လက်ခံတွေ့ဆုံ

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဇလပ်ဝါလမ်းနှင့်စိန်ပန်းနီလမ်းထောင့် ပြည်နယ်ရိပ်သာအနီး မြေဧရိယာ ၁ ဒသမ ၃ ဧကပေါ်တွင် ငွေကျပ် သိန်းကိုးသောင်းကျော်ခန့်ရင်းနှီးမြှုပ်နှံ၍ BOT စနစ်ဖြင့် ပုဂ္ဂလိကဆေးရုံတည်ဆောက်ရန် အဆိုပြုတင်သွင်းလာသည့် Alliance Eagles Group Limited အား အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ကျင်းပ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကေ့ာကရိတ်မြို့ အ.မ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခန့်က အ.မ.က(၂) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ "အနာဂတ်ကို မိမိကိုယ်တိုင်ဖန်တီးဖို့လိုတယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ထူးချွန်သော ကျောင်းသား၊ကျောင်းသူများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်း၊ လှိုင်းဘွဲမြို့နယ် ကွမ်ဘီကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်များတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကွမ်ဘီကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဘားအံမြို့၌ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားပြောစွမ်းရည်တိုးတက်လာစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ဘားအံမြို့ အ-ထ-က (၄) ကျောင်းခန်းမတွင် ယနေ့နံနက် (၉:၃၀) အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ခရိုင်ပညာရေးမှူး ဆရာမကြီးနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဘားအံမြို့တွင် လူငယ်ရေးရာနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေး၊ အသိပညာ ဗဟုသုတတိုးပွားစေရေး၊ လူငယ်ရေးရာနှင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် အခြေခံပညာ အထက်တန်းကျောင်း (ကော့ကျိုက်)တို့၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်း သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းသင်တန်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နှင့် စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နှင့် စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့်အလေ့အထ ကောင်းရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဟိန်း(ဘူမိ) ရေးသားသော “သဘာ၀အစာသဘာ၀ဆေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်