ကရင်ပြည်နယ်

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖိုးဉာဏ်၏သတင်းလောကကို ဖြတ်သန်းခြင်းစာအုပ်အား ယနေ့နံနက် (၉) နာရီအချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့ပေါ်နှင့်အနီးကျေးရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆွမ်းဆန်အိတ်လှူဒါန်း

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆွမ်းဆန်တော်အိတ်များကို ကော့ကရိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ပင့်ကျောင်း ၅ ကျောင်းမှ ဆရာတော်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

သံတောင်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော ကျောင်းသူများအား (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရား ကျောင်းယုံကြည်ခြင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးတိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လမ်းအသုံးပြုသူ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ Quick Win အစီအမံငါးရပ်အား တိကျစွာလိုက်နာနိုင်ရေး ပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ဘုရာကြီးကျောင်းတိုက်ရှေ့၌ ဆောင်ရွက်သည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ လစဉ်ပုံမှတ်ထုတ်ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို (၂၁)ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဘားအံ)၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းနှင့် ရိုးရာဂျပ်ခုတ်သင်တန်းဖွင့်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဘားအံ)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၇)နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၂၁) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယမန်နေ့နံနက် ၈ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူ (Book Club)အသင်းဝင်များဖြင့်  စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community   Centre)ခန်းမ၌  စာပေချစ်မြတ်နိုးသူများ စုပေါင်း၍   ယမန်နေ့နံနက် ၁၁ နာရီတွင် စာရေးဆရာ  ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသောဘဝကို   တည်ဆောက်ခြင်း  စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ် ငန်းပညာသင်တန်းကျောင်း(မြိုင်ကြီးငူ)၌ အမျိုးသမီးစက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ရာ ကရင် ပြည်နယ်အစိုးရအဖွဲ့၊  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံများ တက်ရောက်ခဲ့ကြသည်။

ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနေသည့် Kyaw-3  ကော်ပစ္စည်း အမျိုးမျိုး ထုတ်ကုန်လုပ်ငန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက်  စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား  MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် နိုင်ငံခြားငွေသုံးစွဲမှု လျော့ချပြီး စွန့်ပစ်ပစ္စည်းများမှ အရည်အသွေးရှိသည့် ကော်ပစ္စည်းထုတ်ကုန် အမျိုးမျိုးထုတ်လုပ်နေသည့် Kyaw-3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးကျော်ဌေးဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
Subscribe to ကရင်ပြည်နယ်