သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး အောက်တိုဘာ ၂၄

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖိုးဉာဏ်၏သတင်းလောကကို ဖြတ်သန်းခြင်းစာအုပ်အား ယနေ့နံနက် () နာရီအချိန်က  Community    Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ဝင်းဝင်း( Book Club)  အဖွဲ့ဝင်မှ စာအုပ်ပါအကြောင်းအရာဖြစ်သည့်   မြန်မာသတင်းစာများ၏ခရီး၊  သတင်းသမားဆိုသည်မှာ၊ သတင်းအရေးအသားနှင့်သတင်းဓာတ်ပုံ၊  သတင်းထောက်နှင့်အသည်းနှလုံး၊  သတင်းနှင့် နောက်ခံအချက်အလက်များ စသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး စောအယ်လယ် (Youth  Club) အဖွဲ့ဝင်က ပါးနပ်ခြင်းဟာအရည်အချင်းပါပဲ၊ မှန်းတုတ်၊ ရမ်းတုတ်သတင်း၊ မြန်မာ့ပထမသတင်းဓာတ်ပုံ၊ သတင်းဓာတ်ပုံကောင်းဆိုတာ၊ သတင်း ဓာတ်ပုံတစ်ပုံ လုပ်ကြံခြင်း  စသည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် Book  Club/Youth Club  အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာဖိုးဉာဏ်၏ သတင်းလောကကိုဖြတ်သန်းခြင်း စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် သတင်းအမှားအမှန်ကိုသိရှိစေခြင်း၊ သတင်းရေးသားရာ၌ ဆောင်ရန်ရှောင်ရန်များကို သိရှိစေခြင်း၊ သတင်းကောင်းသမားတစ်ဦး၌ ရှိသင့်ရှိထိုက်သည့်အရည်အချင်းများကို သိရှိစေခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း သိရသည်။

နော်နော်မူ