သံတောင်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP) ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

သံတောင်ကြီး အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်  ကျန်းမာရေးဦးစီးဌာနမှ  မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက  အသက် ၉ နှစ်ပြည့်ပြီး   ၁၂ နှစ်မကျော်သော   ကျောင်းသူများအား  (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရား ကျောင်းယုံကြည်ခြင်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

(HVP) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံမည့် အသက် ၉ နှစ်နှင့် ၁၂ နှစ်အတွင်းရှိ ကျောင်းသူများ၏စာရင်းများ မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး စနစ်တကျထိုးနှံပေးပြီး  ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့်  ကျောင်းသူများကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် စုရပ်များသတ်မှတ်ကာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးထံမှ သိရသည်။

နော်လော်မူ