မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

မြဝတီ အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ  ယမန်နေ့နံနက် ၈ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

ထို့သို့   ပင်စင်လစာငွေများ  ထုတ်ပေးရာတွင်  အကြောင်းအမျိုးမျိုးကြောင့်    ကာယကံရှင်ကိုယ်တိုင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိသည့် အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေးမကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့် မိသားစုဝင်များက အဆင်ပြေစွာထုတ်ယူနိုင်ရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ပေးထားပြီး သတ်မှတ်ရက်  ဘဏ်ဖွင့်ချိန်အတွင်း  ပင်စင်လစာများကို   ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူက ပြောသည်။

အဆိုပါပင်စင်လစာငွေများကို ထုတ်ပေးရာတွင် ပင်စင်စားဦးရေ ၆၂၇ ဦး ထုတ်ပေးပြီးဖြစ်ကာ ကျန်ရှိသည့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဘဏ်ဖွင့်ချိန် နေ့စဉ်နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)