နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက်အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဒေသခံများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးနေသည့် နိုင်ငံခြားငွေသုံးစွဲမှု လျော့ချပြီး စွန့်ပစ်ပစ္စည်းများမှ အရည်အသွေးရှိသည့် ကော်ပစ္စည်းထုတ်ကုန် အမျိုးမျိုးထုတ်လုပ်နေသည့် Kyaw-3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးကျော်ဌေးဦးနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
အမေး။ Kyaw-3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းစတင်တည်ထောင်ဖြစ်ပုံကို သိပါရစေ။
အဖြေ။ ဒီလုပ်ငန်းကို စပြီးတည်ထောင်ဖြစ်တာကတော့ ရည်မှန်းချက်နဲ့ပါ၊ သူများနိုင်ငံမှာ အလုပ်လုပ် ပြီးတော့ ကိုယ့်နိုင်ငံမှာ စီးပွားရေလုပ်ငန်းဖြစ်ထွန်းအောင် ကြိုးစားခဲ့ပြီး ကိုယ်ရဲ့နိုင်ငံသား တွေ အလုပ်ရစေချင်တဲ့ ဆန္ဒရယ်၊ ကိုယ်ကိုတိုင်က သူများနိုင်ငံမှာ အလုပ်သမား မဖြစ်ချင်တဲ့ စိတ်ဓာတ်နဲ့ ဒီလုပ်ငန်းကို တည်ထောင်တာ ဖြစ်ပါတယ်၊
အမေး။ Kyaw-3ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ကုန်ကြမ်းတွေကို ဘယ်လိုရရှိ ပါသလဲရှင့်။
အဖြေ။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ကုန်ကြမ်းတွေကို အစကတော့ ထိုင်းနိုင်ငံ SCG ကုမ္ပဏီကနေ တင်သွင်းပါတယ်၊ အဲဒါကို ကုန်ကြမ်းအနေနဲ့ယူပြီးတော့ ကုန်ချော အဖြစ် ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ အသုံးပြုသူတွေကို ဈေးနှုန်းချိုသာစွာနဲ့ ဝယ်သုံးနိုင်ဖို့နဲ့ တစ်ဖက်နိုင်ငံမှ ဈေးကြီးကြီးပေးပြီး ဝယ်မသုံးရတော့တဲ့အတွက် ပြည်သူ တွေအတွက်ကော၊ နိုင်ငံသားတွေ အတွက်ပါ ရည်မှန်းပြီးတော့ Kyaw-3 ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးကို လုပ်ကိုင်တာဖြစ်ပါတယ်။
အမေး။ Kyaw-3ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် စက်ရုံမှဘာတွေကိုအဓိက ထုတ်ပါသလဲ။
အဖြေ။ Kyaw-3ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် ဘာတွေအဓိက ထုတ်လဲဆိုတော ရေလှောင်တဲ့ ရေစည်တွေကို ဆိုဒ်အမျိုးမျိုး ရေကြီးသည့်အခါအသုံးပြုတဲ့ကယ်ဆယ်ရေး လှေတွေ ကိုထုတ်လုပ်ပါတယ်၊ ရေဇလာတွေ၊ ရေစည်တွေနဲ့ ပတ်သက်တဲ့ဟာတွေ အကုန်ထုတ်လုပ်ပါတယ်။
အမေး။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် တစ်နှစ်ကို ကော်တန် ဘယ်လောက်လောက် အသုံးပြုပါသလဲ၊ တစ်နေ့ ကုန်ချော ဘယ်လောက်လောက်ထုတ်ပါ သလဲ။
အဖြေ။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် တစ်နှစ်လျှင် အသုံးပြုတဲ့ ကော်တန်ကတော့ တန်၂၀၀ လောက် သုံးပါတယ်။ဒီနှစ်မှာတော့ ပြည်ပမှ ကုန်ကြမ်း တင်သွင်းနှုန်းကို လျော့ချပြီး၊ ပြည်တွင်းမှာရှိနေတဲ့ Recycleကို အသစ်အဖြစ် အသုံးပြု နိုင်ရေး ကြိုးစားပြီး၊ နိုင်ငံခြားငွေ သုံးစွဲမှု ကိုလျော့ချနိုင်ခဲ့ပါတယ်။၊ ၂၀၁၃ခုနှစ် ၊ဩဂုတ်လ နေစပြီးတော့ Recycle စမ်းသပ် ထုတ်လုပ်မှုကို စတင်ခဲ့ပါတယ်။ အဲလိုမျိုး စမ်းသပ် ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံခြားငွေ သုံးစွဲနှုန်းကိုလျော့ချပြီး ကျွန်တော်တို့နိုင်ငံမှာ ရှိနေတဲ့ Recycle စွန့်ပစ်ပစ္စည်းတွေ့ကို အသုံးဝင်အောင်၊ တန်ဖိုးရှိလာအောင် ထုတ်လုပ်ပြီး စတင် အသုံးပြုနေပါပြီး။ တစ်နေ့ကို ကုန်ချော အနေနဲ့ရေတိုင်ကီ အလုံး၃၀၊ ၄၀ ထုတ်လုပ်နိုင်ပါဝယ် ၊ သုံးစွဲသူ အော်ဒါမှာသလောက် ထုတ်လုပ်ပါတယ်။ တစ်နေ့ကို ရေတိုင်ကီ အလုံး ၅၀ လောက်အထိ အစွမ်းကုန် ထုတ်နိုင်ပါတယ်။
အမေး။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် အလုပ်သမား ဘယ်လောက်ရှိ ပါသလဲ။
အဖြေ. Kyaw-3ကော်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် Recycle လုပ်ငန်းမစတင်မှီ အချိန်က အလုပ်သမား ၃၀ ဦး ရှိပါတယ်၊ Recycle လုပ်ငန်း စတင်လုပ်ကိုင်တဲ့အခါ အလုပ်သမား ၁၅ ဦး ထပ်တိုးလာပါတယ်၊ စုစုပေါင်း ၄၅ ဦး ရှိပါတယ်။
အမေး။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် အလုပ်သမား လုပ်ခ လစာ ဘယ်လို သတ်မှတ်ပါသလဲ၊ အလုပ်သမားတွေ့က ကရင်ပြည်နယ်ကဘဲလာ အခြားပြည်နယ် နှင့်တိုင်း တွေ့မှလဲ လာရောက်လုပ်ကိုင်တာ ရှိပါသလားရှင့်။
အဖြေ။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ကရင်ပြည်နယ်မှ မဟုတ်ပါဘူး ၊ အလုပ် လုပ်တဲ့လူငယ်တွေကိုရွေးချယ်ပါတယ်၊ ကြိုးစားတဲ့လူငယ်တွေကို ခေါ်ယူပါတယ် ၊ ကရင်ပြည်နယ်မှ မဟုတ်ပါဘူး၊ အလုပ်လုပ်ချင်တဲ့ မည့်သည့်ဒေသကမဆို လူငယ်များ ကို အလုပ်ခန့်ထားပါတယ်။ အလုပ်သမား လစာကတော့ အလုပ်ဝင်ဝင်ချင်း နှစ်သိန်း တစ်သောင်း ပေးပါတယ်၊ စားစရိတ်က တစ်နေ့ ၂၀၀၀၊ အလုပ်သမား ဖူလုံရေးကတ် တွေ့ကိုတော့ အလုပ်ရှင်ဘက်က အားလုံးကျခံပါတယ်၊ အလုပ်သမားတွေ့နဲ့ ပတ်သက် လာပြီးတော့ ကုန်ကျစရိတ်တွေ့ကို အထိအခိုက် မခံပါဘူး၊ အလုပ်သမားတွေက ကျွန်တော် တို့အတွက်အလုပ်လုပ်ပေးပြီး အကျိုးအမြတ်များရတဲ့အတွက် အလုပ်သမား ခံစားခွင့် တွေ့ကို အပြည့်အဝပေးထားပါတယ်။
အမေး။ Kyaw-3ကော်ပစ္စည်းမျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ဝန်ထမ်းများလုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစွာဆောင်ရွက်နိုင်ရေး ဘယ်လို စီစဉ်ဆောင်ရွက်ပေးပါသလဲ။
အဖြေ။ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ဝန်ထမ်းများလုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းဖို့ အတွက်ကတော့ အလုပ်သမားတွေကို လုပ်ငန်းခွင်မှာ မိမိကိုယ်ကို အန္တရာယ် မဖြစ်အောင် ဂရုပြုဆောင်ရွက်ဖို့ မှာကြားပါတယ်။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းဖို့ဆိုင်လျှင် အလုပ်ရှင် တွေကဘဲ ကာကွယ်ပေးဖို့မဖြစ်သလို အလုပ်သမားကလဲ ကိုယ့်အတွက်ကိုယ်တိုင် ကာကွယ်ပေးဖို့လဲ လိုအပ်ပါတယ်၊ နှစ်ဦးနှစ်ဖက်စလုံးလုပ်ငန်းခွင် အန္တရာယ်ကင်းဖို့ ကာကွယ်ဖို့ လိုပါတယ်။
အမေး။ နိုင်ငံတော်ကMSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိရာ Kyaw-3 ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာနများနဲ့ ပေါင်းစပ် ဆောင်ရွက်နေမှု များကို လည်း သိပါရစေရှင့်။
အဖြေ။ နိုင်ငံတော်က MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးလျက်ရှိရာ Kyaw-3ကော်ပစ္စည်း မျိုးစုံထုတ်လုပ်ရေးလုပ်ငန်းအနေနဲ့ နိုင်ငံတော်က ဆောင်ရွက်ပေးထားတဲ့ MSME ချေးငွေနဲ့ ကျွန်တော်လုပ်ငန်းကိုး တိုးချဲ့ဆောင်ရွက်ထားပါတယ်၊ သက်ဆိုင်ရာ ဌာနကလဲ လိုအပ်တဲ့ အကူအညီ တွေလဲပေးပါတယ်။
အမေး စီးပွားရေးလုပ်ငန်းများ စတင်တည်ထောင်မဲ့ လူငယ်တွေကို ဘာများ ပြောချင်ပါသလဲရှင့်။
အဖြေ။ မြန်မာနိုင်ငံမှာ ရှိတဲ့လူငယ်တွေ့အားလုံးကိုပေါ့နော် ကျွန်တော်ကိုယ်တိုင်ကလည်း အလုပ် သမား ဘဝကနေလာပါတယ်။ သူများနိုင်ငံမှာ အလုပ်ကြိုးစားပြီး ကိုယ်နိုင်ငံမှာ အလုပ်ရှင် ဖြစ်ချင်တဲ့စိတ်နဲ့ ကြိုးစားသလို၊ လူငယ်တွေကိုလဲ စိတ်ဓာတ်မကျဘဲနဲ့ ကိုယ့်နိုင်ငံမှာ ကိုယ်ကြိုးစားရင် လုပ်ငန်းရှင် ဖြစ်နိုင်တယ် ၊ သူများနိုင်ငံမှာ အလုပ်လုပ်ရင် အလုပ်သမားဘဲ ဖြစ်မယ်၊ တစ်ဖက်နိုင်ငံကို အထင်မကြီးဘဲ ကိုယ့်နိုင်ငံမှာကို ကြိုးစားရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်လို့ ပြောကြားရင်း တိုက်တွန်း အပ်ပါတယ်။
တွေ့ဆုံမေးမြန်းသူ- ဒေါ်စိုးစိုးအေး၊ ဦးဝေနိုင်ထွန်း