ကရင်ပြည်နယ်

ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို   ယမန်နေ့ နံနက် ၇နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာလာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၌ နနွင်းမှုန့်စျေးကောင်း၍ နနွင်းများပိုမိုစိုက်ပျိုးလာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်နှင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေပိုမိုရရှိစေရန်အတွက် တပိုင်တနိုင်နနွင်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက် ကျွဲကောသီးများ ဈေးကောင်းရရှိနေ       

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းအပြင် သီးပင်စားပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ယခုအခါ ကျွဲကောသီးများ လှိုင်လှိုင်ပေါ်ချိန်၌ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ  လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြိုနယ် ကျုံဒိုးမြို့၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့်သင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ရှေးဦးပြုစုခြင်း အခြေခံအဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျုံဒိုးမြို့ အမှတ်(၂)ရပ်ကွက်၊ ဇိနသုခဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ကရင်ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ သင်တန်းသူ/သားများ တက်ရောက်ကြကြောင်းသိရသည်။ ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျုံဒိုးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ကရင်ပြည်နယ်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီအမှုဆောင်အတွင်းရေးမှူး၊ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်က သင်တန်းဖွင့်လှစ်ရခြင်းအကျိုးကျေးဇူးနှင့်  ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကော့ကရိတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစောထူးကပေါ်က ရှေးဦးသူနာပြုစုခြင်းသင်တန်း တက်ရောက်ခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိသားစုနှင့် မိမိကိုယ်တိုင် ပြုစုစောင့်ရှောက်နိုင်ခြင်းကြောင့် များစွာအကျိုးရှိကြောင်းနှင့် ကြက်ခြေနီလုပ်ငန်းစဥ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)သို့ ကရင်ပြည်နယ်မှ ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်

နေပြည်တော်တွင် အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)သို့ ကရင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားမှ သိရသည်။

စနေနေ့အခွန်လွတ်ဈေးနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ ဈေးတွင်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းရှိ စနေနေ့ အခွန်လွတ်ဈေးနှင့်ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ ဈေးတွင်သက်သာသောနှုန်းထားဖြင့် စားသုံးသူများလက်ဝယ်တိုက်ရိုက် ရောင်းချပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း အောင်မြင်ဖြစ်ထွန်းနေသော မိုးစပါးစိုက်ခင်းများအား ကြည့်ရှုအားပေး သီးထပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ကြရန် တောင်သူများအားတိုက်တွန်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် မိုးစပါးဧက ၁၁၉၀၄၃ ဧကကျော်စိုက်ပျိုးထားရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က အောင်မြင်ဖြစ်ထွန်းလျက်ရှိသောမိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးအပြီးတွင် ဒေသနှင့်ကိုက်ညီသည့်သီးနှံများအား သီးထပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ကြရန် တိုက်တွန်းပြောကြားကာ သီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဘားအံ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း (၃)မျိုး ဖွင့်လှစ်

ကရင်ပြည်နယ်၊ ဘားအံမြို့သည် တောတောင်သဘာဝရှုခင်းများ၊ Lime Stone Mountain ထုံးကျောက်တောင်တန်းကြီးများ၊ လှိုဏ်ဂူများ၊ ရိုးရာယဉ်ကျေးမှုများနှင့်ပွဲတော်များ၊ ရေတံခွန်များ၊ သဘာဝပတ်ဝန်းကျင်များကြောင့် ခရီးသွားများကြားတွင် ထင်ပေါ်ကျော်ကြားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များနှစ်စဉ်တိုးတက် ဝင်ရောက်လာသည့်အတွက် ခရီးသွားဧည့်သည်များအား အရည်အသွေးပြည့်ဝသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ) သင်တန်း(၃) မျိုးကို ဖွင့်လှစ်သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား  လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်