သံတောင်ကြီးမြို့တွင်တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့်ဒေသ‌ကြက်မွေးမြူခြင်းလုပ်ကိုင်

သံတောင်ကြီး  အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများသည် အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကလုပ်ကိုင်ပြီး အသက်မွေးဝမ်းကြသော်လည်း မိသားစုအပိုဝင်ငွေရရှိစေရန် အိမ်မှုကိစ္စတာဝန်ယူဆောင်ရွက်နေသည့် အမျိုးသမီးများကတစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသကြက်များကိုတစ်ပိုင်တစ်နိုင် မွေးမြူကြကြောင်း သိရသည်။ 

ဒေသကြက်များကို အိမ်တွင်နေခြင်းဖြင့် အပိုဝင်ငွေရရှိစေရန်အတွက် မွေးမြူခြင်းဖြစ်ကြောင်း၊   ဒေသကြက် အမ(၅)ကောင်နှင့် အထီးတစ်ကောင်မွေးမြူလျှင် တစ်နှစ်လျှင်နှစ်ကြိမ်သားပေါက်သည့်အတွက် အနည်းဆုံးကြက်အကောင် (၃၀)ခန့်ပွားများလာပြီး  တစ်နှစ်လျှင်ကြက်များပြန်ရောင်းပါက အမြတ်ငွေ ကျပ်(၃၀၀၀၀၀)အထိရရှိကြောင်း၊ ဒေသကြက် တစ်ပိဿာကို ကျပ်(၁၄၀၀၀)အထိရှိကြောင်း ဒေသ ကြက်များမွေးမြူရာတွင်  ဆန်အကြမ်းကိုသာကျွေးပြီး ဒေသကြက် အကောင်(၂၀)ကောင်ကို  တစ်ရက် ဆန်ကြမ်းနို့ဆီဗူး()လုံးသာကုန်ကြောင်း  ဒေသကြက်မွေးမြူခြင်းလုပ်ငန်း  လုပ်ကိုင်သူ နော်စီဖေါရာ ထံကသိရသည်။

စောမင်းသား