သံတောင်ကြီး ဒေသထွက်ချဉ်ပေါင်ဖာလာများ ဈေးကောင်းရရှိ

သံတောင်ကြီး အောက်တိုဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ ဉယျာဉ်ခြံလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိရာ  ချဉ်ပေါင်ဖာလာပင်စိုက်ပျိုးခြင်း   လုပ်ငန်းသည်လည်း  တစ်ခုအပါအဝင်ဖြစ်သည်။သံတောင်ကြီးဒေသတွင် ဒေသခံပြည်သူများမှာ  အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက် ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခု‌အောက်တိုဘာလ နောက်ဆုံးပတ်တွင် ချဉ်ပေါင် ဖာလာများ ဈေးကောင်းရရှိလျက်ရှိကြောင်းသိရသည်။

အဆိုပါ  ချဉ်ပေါင်ဖာလာပင်များကိုမိုးတွင်းအချိန် ဇွန်လတွင် စိုက်ပျိုးပြီး () နှစ်ခန့်တွင် အသီးများ စတင်သီးကာ  ဩဂုတ်လနောက်ဆုံးပတ်မှအောက်တိုဘာလ အထိဆွတ်ခူးကြသည်။ ချဉ်ပေါင်ဖာလာခြောက်များကိုတောင်ငူမြို့ရှိ ဖာလာအဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသည်။ ယခုနှစ် ချဉ်ပေါင်ဖာလာစတင်ဆွတ်ခူးသည့် ဩဂုတ်လနောက်ဆုံးပတ်တွင် ချဉ်ပေါင်ဖာလာခြောက်ပေါက်ဈေး()ပိဿာလျှင် ကျပ် (၉၀၀၀)မှ ကျပ်(၁၀၀၀၀) ထိသာရရှိသော်လည်း ယခုအောက်တိုဘာလနောက်ဆုံးပတ်တွင် ချဉ်ပေါင်ဖာလာခြောက်(ပိဿာလျှင် ကျပ်(၁၅၀၀၀) မှကျပ် (၁၅၅၀၀) ထိရရှိသည့်အတွက် ဖာလာစိုက်ပျိုးတောင်သူများ မျှော်လင့်သည့် ဈေးနှုန်းများ ရရှိကြကြောင်း သိရသည်။

နော်လော်မူ