ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သူနာပြု-သားဖွားဒီပလိုမာသင်တန်းသား၊ သင်တန်းသူများအား မောင်မယ်သစ်လွင်ကြိုဆို

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(ဘားအံ)၏ ၂၀၂၄ ခုနှစ် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဘားအံမြို့ တောင်ကလေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘားအံမြို့နယ်၊ တောင်ကလေးဘုန်းတော်ကြီးသင် ပညာရေးကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ဒေသနေပြည်သူများ လေ့လာနိုင်ရန်အတွက် ဆောင်းသီးနှံများစိုက်ပျိုးထား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ဆောင်းရာသီကာလရောက်ပြီဖြစ်၍ ကျန်းမာရေးအထောက်အကူပြု စားဖိုဆောင် ရာသီစာဟင်းသီးဟင်းရွက်များကို ဒေသနေပြည်သူများ လေ့လာနိုင်ရန်အတွက် စိုက်ပျိုးထားလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ စာအုပ်စာစောင်များ၊ ဗဟုသုတရရှိစေမည့် စာအုပ်များကို ငှါးရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေ ကျောင်းဆင်းချိန်တွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်သို့  စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံ ပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အ.ထ.က(၃)၌ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမဆောင်၌ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် ကျောင်းကျန်းမာရေးကော်မတီများ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ကော်မတီဝင်များ ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းဆိုင်ရာ ပြည်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြည်သူ့‌ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပိုင်ကျုံမြို့ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရည်ချွန်ဆု ချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊  လော်စောဒေးကျေးရွာ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီးပွဲတော် အခမ်းအနား ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ကရင်ပြည်နယ်