လှိုင်းဘွဲ ဇန်နဝါရီ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး ကော်မတီဝင်များ ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းဆိုင်ရာ ပြည်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ကျောင်းသား၊ကျောင်းသူများ၏ ပညာရေး၊ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လူမှုအသင်းအဖွဲ့များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစောငြိမ်းထွန်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ကလေးသူငယ် အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အပတ်စဉ်မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းစသည့် ဆောင်ရွက်နေသည့် ကျန်းမာရေးလုပ်ငန်းများအား သုံးသပ်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် လက်ထောက်ကျန်းမာရေးမှူး ဒေါ်ချိုချိုဝင်းက ကျောင်းကျန်းမာရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ မဖြစ်ပွားစေရန်အတွက် ကျောင်းတွင်း၊ကျောင်းပြင်သန့်ရှင်းရေး၊ ရေတွင်းရေကန်များ သန့်ရှင်းရေး၊ ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရေးဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ကျောင်းကျန်းမာရေး အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကို သုံးသပ်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းကျန်းမာရေးကော်မတီဝင်များက ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)