မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူလတန်းကျောင်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။