ကရင်ပြည်နယ်

မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်မူလတန်းကျောင်း ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊  မြဝတီမြို့၊ ပညာရွှေဖူး   ကိုယ်ပိုင်မူလတန်းကျောင်း၏ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က  အဆိုပါမူလတန်းကျောင်း  ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေထုတ်ယူသူများအား ကြက်ဉနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ဘုရင့်နောင်တပ်နယ်မှူး ဗိုလ်မှူးချုပ်အောင်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းဗိုလ်တို့၏ဦးဆာင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ နိုင်ငံဝန်ထမ်း ပင်စင်လစာငွေထုတ်ယူသူများအား   ကြက်ဉနှင့်ခေါက်ဆွဲခြောက်များ    ထောက်ပံ့ပေးအပ်ခဲ့ခြင်းကို   ယမန်နေ့နံနက် ၁၁ နာရီအချိန်ကမြန်မာ့စီးပွားရေးဘဏ်တွင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက် အားကစားပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ၊ ဆရာ/ဆရာမများနှင့် မေဂျာအသီးသီးမှ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ဘောဂလိမြို့တွင် ဒေသထွက်သဘာဝနနွင်းချောက်များ ဝယ်လိုအားနည်းမှုကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသခံပြည်သူများသည် တောင်ယာလုပ်ငန်းနှင့် ဥယျဉ်ခြံမြေစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရန် မီးဖိုချောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် နနွင်းစိုက်ပျိုးသည့်လုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး ယခုနှစ်တွင် ဝယ်လိုအားနည်းမှုကြောင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စိုက်ပျိုးသူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း သိရသည်။

လိပ်သိုဒေသတွင် တံမြက်စည်းရိုးများ စတင်ချိုးယူရောင်းဝယ်လျက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဥယျာဉ်ခြံများနှင့် တောတောင်များ၊ နေအပူချိန်မြင့်သောနေရာများ၊ တောင်ယာဒေသများနှင့် လမ်းဘေးဝဲယာများတွင် သဘာဝအလျောက်များပြားစွာ ပေါက်ရောက်လျက်ရှိသော တံမြက်စည်းပင်များမှာ ချိုးယူရောင်းဝယ်အသုံးပြုရန် သင့်လျော်ပြီဖြစ်၍ ကျေးရွာများတွင်နေထိုင်လျက်ရှိသော ဒေသခံများက စတင်ချိုးယူ ရောင်းဝယ်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဝေါလေမြိုင်မြို့၌ စုပေါင်းကရင်ရိုးရာကောက်သစ်စားပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ စုပေါင်းကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ယနေ့နံနက် ၇ နာရီ အချိန်က စတင်ကာ အမှတ်(၁)ရပ်ကွက်၊ မဟာသုခမြိုင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

မြဝတီမြို့၌ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် ခရိုင်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။
Subscribe to ကရင်ပြည်နယ်