ပိုင်ကျုံမြို့ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ပညာရည်ချွန်ဆု ချီးမြှင့်ပွဲနှင့် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

ပိုင်ကျုံ   ဇန်နဝါရီ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊  လော်စောဒေးကျေးရွာ အ.မ.က လော်စောဒေးကျောင်း၌ ၂၀၂-၂၀၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ပညာရေးစုံညီးပွဲတော် အခမ်းအနား ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောင်းသား/သူများက မြတ်ဆရာ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး လှိုင်းဘွဲမြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးမျိုးမြင့်ထွန်းက လောဘ ဒေါသတွေကို အသိတရားနှင့် ထိန်းချုပ်ပြီး မိဘ ဆရာ ကျောင်းသားများ လက်တွဲညီညီဖြင့် မိမိဒေသ/ ကျောင်းဖွံ့ဖြိုးတိုးတက်ဖို့ မိမိတတ်စွမ်းသလောက် ဝိုင်းကူညီဆောင်ရွက်ရန် လိုအပ်ကြောင်းပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်က မိမိဒေသ/ကျောင်းဖွံ့ဖြိုး တိုးတက်ရေးနှင့် အေးချမ်းသာယာရေးအတွက် လုံခြုံရေးကိစ္စများ အထူးအလေးထားရန် လိုအပ်ကြောင်းများကို အသီးသီး အမှာစကား ပြောကြားခဲ့သည် ဆက်လက်၍ ၂၀၂-၂၀၂ပညာသင်နှစ်တွင် ဆုရကျောင်းသား/သူများနှင့် ဖြေဆိုအောင်မြင်သည့် ကျောင်းသား/ သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အ.မ.က လော်စောဒေးကျောင်းမှ ဆရာ/မတို့အား  ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်

ထို့နောက် အ.မ.က လော်စောဒေးကျောင်းမှ  ကျောင်းသား/သူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိသူများကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)