ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) စတင်ထိုးနှံပေး

ပိုင်ကျုံ ဇန်နဝါရီ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံး၌ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးနှင့်တိုက်နယ်ဆရာဝန်တို့မှကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ကို စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အမျိုးအစားများအလိုက် စတုတ္ထအကြိမ်ထိုးနှံပေးနိုင်ခဲ့ပြီး ယခုအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)ကို ပဥ္စမအကြိမ်မြောက် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

နော်ခူး(ပြန်/ဆက်)