ကရင်ပြည်နယ်

အိမ်ခြံဝန်းအတွင်း ဟာဝီသိုလယ်(ခေါ်) တောရဲယိုပင်များ တနိုင်တပိုင်စိုက်ပျိုးလာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးဝမ်းကြောင်းကြသော်လည်း ဟင်းသီးဟင်းရွက်ထက် နှစ်ရှည်သီးနှံပင်များကိုသာ ပိုမိုစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ဟင်းသီး ဟင်းရွက်များကိုမူ တောင်ငူမြို့မှ လာရောက်ရောင်းချသည့် ဈေးသည်များကိုသာ အဓိကအားထား ဝယ်ယူစားသုံးကြသည်။

လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော ဆောင်းသီးနှံမြေပဲများ အထွက်နှုန်းကျဆင်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ ဆီထွက်သီးနှံ တစ်မျိုးဖြစ်သော မြေပဲနှင့်နှမ်းစိုက်ပျိုးသည့်လုပ်ငန်းကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် မိုးများသည်းထန်စွာရွာသွန်းသဖြင့် မြေပဲအထွက်နှုန်းကျဆင်းကာ မျိုးအနေဖြင့် သာရရှိကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

နွေစပါးကောက်စိုက်စက်ဖြင့် ကောက်စိုက်ခြင်းကွင်းသရုပ်ပြ မြေဩဇာများထောက်ပံ့

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေစပါး ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ယူရီးယားနှင့်သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မကယ်ကျေးရွာ၊ အကွက်အမှတ် ၁၁၆၆(ခ)၊ ကော့ မကယ်ကွင်း၌ ကျင်းပခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၂)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မြဝတီမြို့ မူလွန်(မြေနီကုန်း)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း (မြေနီကုန်း)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အဆိုပါကျောင်းခန်းမဆောင်၌ ကျင်းပသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကျန်စစ်သားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် သီးစားပြောင်းဖူးများစိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်း လယ်ယာလုပ်ငန်းများကို အဓိကထားလုပ်ကိုင် ဆောင်ရွက်လျက်ရှိပြီး ၎င်းလုပ်ငန်းများနှင့်တွဲဖက်၍ ဆောင်းသီးနှံတစ်မျိုးဖြစ်သော သီးစားပြောင်းဖူးပင်များ တစ်ပိုင်တစ်နိုင် နှစ်စဉ်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်