လိပ်သို ဇန်နဝါရီ ၂၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီခွဲအချိန်ထိ စာအုပ်စာစောင်များ၊ ဗဟုသုတရရှိစေမည့် စာအုပ်များကို ငှါးရမ်းပေးလျက်ရှိရာ ယမန်နေ့ညနေ ကျောင်းဆင်းချိန်တွင် ကျောင်းသား/ကျောင်းသူများက စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လိပ်သိုမြို့အတွင်းရှိဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များအား မြို့ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဗဟုသုတပြည့်စုံကြွယ်၀သော လူငယ်များဖြစ်စေရန် ရည်ရွယ်၍ မြို့ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များကိုဖတ်ရှုစေခြင်း၊ ငှါးရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက စာအုပ်စာစောင်များကို ပိုမိုငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)