ကရင်ပြည်နယ်

ပိုင်ကျုံမြို့၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏(၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် တရားတော်နာ အခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  ပရဟိတမြို့မ သာသနာပြုကျောင်း၌ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏ (၁၆)နှစ်မြောက်  ဗုဒ္ဓပူဇနိယပွဲတော်  တရားတော်နာ အခမ်းအနားကို   ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၁၁ နာရီက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင်  ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကွမ်တာကျေးရွာတွင် ဆရာတော်/သံဃာတော်များ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်တွင် အခြေခံဗုဒ္ဓတရားတော်များကို သိရှိပြီး ယဉ်ကျေးလိမ္မာမှု ရှိစေရန်အတွက် ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းဆင်းပွဲကို ယမန်နေ့က ကွမ်တာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆိုလျက်ရှိ

ဗုဒ္ဓသာသနာ‌တော်ထွန်းကားပြန့်ပွား‌ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင် ရာသီစာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များကို နှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးထားကြပြီး တချို့ ကတက်ပင်များမှာ သဘာ၀အလျောက် ပေါက်ရောက်လျက်ရှိရာ ကတက်ရွက်များ လှိုင်လှိုင်ပေါ်ချိန် ဒေသခံပြည်သူများက ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရလျက်ရှိကြောင်း သိရသည်။            

မြဝတီမြို့၌  ၂၀၂၄ခုနှစ်  အစိုးရပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်နှင့်သာသနာ့နွယ်ဝင်သီလရှင် ၁၆၂ ပါး ဝင်ရောက်ဖြေဆို

မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပြီး ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသည့်  ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို  ဧပြီ ၃ ရက်က ကရင်ပြည်နယ်၊  မြဝတီမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီး၏  သာသနာ့သုခကာရီ ဓမ္မဗိမာန်တော်၌ စတင်ကျင်းပသည်။

ပိုင်ကျုံမြို့ ရွှေတိဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့်စေတီတော်မြတ်ကြီး၌ အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံပုံတူ အနှိုင်းမဲ့ ဆုပန်ပြည့်စေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့တန်းရောက် တပ်မတော်သားများအတွက် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်း

ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် ကရင်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ငွေကျပ် ၂၀၅၀၀၀၀ဝိ/-(နှစ်ရာ့ငါးသိန်း)တန်ဖိုးရှိ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆို

ဗုဒ္ဓသာသနာ‌တော်ထွန်းကားပြန့်ပွား‌ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသမှထွက်ရှိသည် သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းတို့အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်