ကရင်ပြည်နယ်

သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသမှထွက်ရှိသည် သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းတို့အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။

တောင်သူ(၂၉)ဦးအား ပထမအကြိမ်သီးနှံလျှော်ကြေး သိန်းငါးရာကျော်ပေးအပ်

၆၆ ကေဗီ ဘုရားကုန်း-မိသရောင် ဓာတ်အားလိုင်း (၇ ဒဿမ ၆) မိုင်တည်ဆောက်ရာတွင် လိုင်းနှင့်မလွတ်ကင်းသည့် သီးနှံပင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပထမအကြိမ် သီးနှံလျှော်ကြေး ငွေကျပ်သိန်းငါးရာကျော်ကို တောင်သူ ၂၉ ဦးထံ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပေးအပ်ခဲ့သည်။

ကရင်စာပေသင်တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်လှစ်

ပြည်နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သော ကရင်စာပေသင်တိုင်းရင်းသားဘာသာပြ ဆရာ/ဆရာမများ စာပေမွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကရင်ကျောင်းသားများရိပ်သာ သင်တန်းခန်းမ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝစွာ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ ရာသီပေါ် ဆူးပုတ်ရွက်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသနေပြည်သူများသည် တောတောင်များတွင် သဘာ၀အလျောက် ပေါက်ရောက်သော ဆူးပုတ်ရွက်များ ခူးယူပြီး မိသားစု စားသုံးရန်အပြင်  ပိုလျှံသော ဆူးပုတ်ရွက်များကို  တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရရှိစေရန်အတွက်  ရောင်းချလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော “လူငယ်လမ်းညွှန်” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ဗုဒ္ဓပူဇနိယပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသော ဗုဒ္ဓပူဇနိယပွဲ၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် စုပေါင်းရဟန်းခံရှင်ပြုမင်္ဂလာပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီအချိန်က သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ မိုးနိုင်း-ညာပရော-မိကြောင်ရွာချင်းဆက်လမ်းပေါ်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မိုးနိုင်း-ညာပရော-မိကြောင် ရွာချင်းဆက်လမ်း မြေသားလမ်းပေါ်တွင် သံကူကွန်ကရစ်တံတားများ တည်ဆောက်ပေးလျက်ရှိကြောင်းသိရသည်။

လိပ်သိုမြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ၊ ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍  ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို  ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က လိပ်သိုတိုက်နယ်ကျန်းမာရေးဌာန၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန် ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်