ကရင်ပြည်နယ်

လိပ်သိုမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး အမှတ်(၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှ ရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေ ပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန်က  အမှတ် (၂) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌  (၁၃)ကြိမ်မြောက်   နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းမှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါအသင်းရုံး ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ပြည်ထောင်စုသာယာကုန်း နှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်ဖွင့်ပွဲတက်ရောက်

ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၊ ဘားအံ-မော်လမြိုင်သာသနာနယ်၊ ပြည်ထောင်စုသာယာကုန်းနှစ်ခြင်းအသင်းတော်၏ ဗိမ္မာန်တော်အသစ်ဖွင့်လှစ်ခြင်းနှင့် ဆက်ကပ်ဝတ်ပြုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သာယာကုန်း(၁) လမ်းရှိ အဆိုပါအသင်းတော်ဗိမ္မာန်တော်အသစ်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင် တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

စာသင်ဝိုင်းနည်းပြများ၊ ကြီးကြပ်များအနေဖြင့် စာတွေ့သာမက မိမိတို့၏စွမ်းဆောင်ရည်များဖြင့် ကြိုးစားသင်ကြားပေးသွားရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် စာသင်ဝိုင်း ၂၀၃ ဝိုင်း၊ စာသင်ဝိုင်းနည်းပြ ၂၀၃ ဦး၊ ကြီးကြပ် ၂၆ ဦး ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ဧပြီလ ၅ ရက်နေ့မှ မေလ ၁၅ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စာသင်ဝိုင်းများတွင် ပို့ချပေးမည့်နည်းပြများ၊ ကြီးကြပ်များအနေဖြင့် သင်တန်းကပို့ချသည့် စာတွေ့သာမက မိမိတို့ ၏စွမ်းဆောင်ရည်များဖြင့် ကြိုးစားသင်ကြားပေးသွားရန် ဧပြီလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာဖြင့် ဆက်လက်ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ အဘိဓမ္မတ္ထသင်္ဂဟဘာသာကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လှိုင်းဘွဲမြို့မ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club  အဖွဲ့ဝင်များနှင့် ပူးပေါင်း၍    စာဖတ်ဝိုင်းပြုလုပ်

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်း ရင်းနှီးစေရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဒီပံလင်း ရေးသားသော “နောက်ဆုံးကျန်သောရေတစ်စက်” စာအုပ်ဖြင့် ယနေ့နံနက်  ၁၀ နာရီ အချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လိပ်သိုဒေသတွင် ရာသီစာမှန်ကူသီးများ ခူးယူရောင်းချရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ တောတောင်များတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော မှန်ကူပင်များမှ မှန်ကူသီးများ ရင့်မှည့်ပြီဖြစ်၍ ဒေသခံများမှာ လိုက်လံခူးယူရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက်  အခြေခံစာတတ်မြောက်ရေးလုပ်ငန်း   ဖွင့်ပွဲအခမ်းအနားအစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်‌ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာသန်စွမ်းပြီးရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက  စတင် ထိုးနှံပေးခဲ့သည်။
Subscribe to ကရင်ပြည်နယ်