ကရင်ပြည်နယ်

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ မိခင်များနေ့ အစီအစဉ်ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၄-ခုနှစ် မေလ(၁၂)ရက်နေ့တွင် ကျရောက်သည့် မိခင်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မိခင်များနေ့အစီအစဉ်ကို  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လေဘေးသင့်မိသားစုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် မေလ(၂)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် အိမ်အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကိုယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်းဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအတင်ဖြစ်ပြီး ယခုနှစ်တွင်ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်းကြောင်း သိရသည်။

ကမမောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်(၇)နာရီ အချိန်က အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၄) ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လုပ်ငန်း​ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှ ရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက  အမှတ်(၂) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ လူကုန်ကူးမှုသည် ထောင်ဒဏ်တစ်သက်ကျခံနိုင်သည့် ကြီးလေးသော ပြစ်မှုဖြစ်ကြောင်း ဒေသနေပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌  ယနေ့မွန်းလွဲပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင် ရေးသားသည့် ပညာနှင့်ဘဝအောင်မြင်ရေး လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ကေ့ာကရိတ်မြို့မ​စျေးတွင် စား​သောက်ကုန်ပစ္စည်းများ ​ရောင်းချ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လာသည့် ပြည်သူများနေထိုင်မှုနှင့် စား​​သုံးမှုအဆင်​ပြေစားသောက်နိုင်ရေးအတွက် တာဝန်ရှိသူများ၏စီမံမှုဖြင့် ​စား​သောက်ကုန်ပစ္စည်းများကို စျေးသည်များမှ ​​နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်တွင် ကျောင်းသားလူငယ်များ ကာယ၊ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ချိန်ကာလတွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံးတွင် ပြိုင်ပွဲများဆောင်ရွက်ခဲ့သည်။  
Subscribe to ကရင်ပြည်နယ်