ကရင်ပြည်နယ်

ဘားအံ၌ သက်မွေးပညာ ကာလတိုသင်တန်းများဖွင့်လှစ်

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီမှကြီးမှူး၍ သက်မွေးပညာကာလတို သင်တန်းများဖြစ်သော အခြေခံကွန်ပျူတာသင်တန်း(၃/၂၀၂၄)၊ မိတ်ကပ်နှင့် ဆံပင်အလှပြုပြင်ခြင်းသင်တန်း(၂/၂၀၂၄)နှင့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း (၁/၂၀၂၄)တို့၏ သင်တန်းများဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

နို့ဖိုးခီးကျေးရွာ၌ ကမ္ဘာ့မိခင်များ‌နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မိခင်များအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

မိဘ၊ ဆရာသမားများသည် ဘုရားနှင့်တစ်ဂိုဏ်းတည်းထားရှိရမည်ဆိုသည့်အတိုင်း ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စု၊ နို့ဖိုးခီးကျေးရွာ၊ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ကမ္ဘာ့မိခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အသင်းတော်တွင်ရှိသည့် မိခင်များတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း စတင်အကောင်အထည်ဖော်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃.၈၃)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့တွင် မိခင်များနေ့ အထူးဆုတောင်းဝတ်ပြုပွဲ တစ်ရပ်ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဂေခိုဂေဘားသာသနာ၊ လိပ်သိုမြို့ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် မေလ ၁၂ ရက်န့တွင် ကျရောက်သော မိခင်များနေ့ မိခင်များအား ဂုဏ်ပြုသောအားဖြင့် အထူးဆုတောင်းဝတ်ပြုပွဲတစ်ရပ်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် ရှမ်းရွာသစ်မြို့တွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့်အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး မြိုင်ကြီးငူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှု

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ကော့ကရိတ်မြို့တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အကြမ်းဖက်​သောင်းကျန်းသူများသည် ရပ်ကွက်/​ကျေးရွာများသို့ အတင်းအဓမ္မဝင်​ရောက်ပြီး တိုက်ပွဲ​ဖော်​ဆောင်ခဲ့သည်အတွက် ဒေသခံပြည်သူများသည် ဘေးလွတ်ရာဒေသများသို့ ယာယီပြောင်းရွေ့နေထိုင်ခဲ့ကြရာမှ ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ၄င်းပြည်သူများ နေထိုင်မှုနှင့် လျှပ်စစ်မီးများ အဆင်ပြေသုံးစွဲနိုင်ရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ လျှပ်စစ်ဓတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဓါတ်မီးတိုင်နှင့် လျှပ်စစ်ကြိုးများ  ရှင်းလင်းသွယ်တန်းခြင်းတိုကို နေ့စဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၄/၂၀၂၄)ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၄/၂၀၂၄) အစည်းအဝေးကို မေလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် နွေရာသီကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်း

ကရင်တိုင်းရင်းသားမျိုးနွယ်စုအသင်းမှ ဦးဆောင်ကျင်းပသော လှိုင်းဘွဲမြို့နယ်၊ နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၇ နာရီခွဲက ဒိုင်းပြကျေးရွာ၊ အ.ထ.က(ခွဲ)၊ ဘောလုံးကွင်း၌ ကျင်းပရာ ကရင်ရဟန်းတော်များအသင်းမှ ဆရာတော်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့၌ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်