ကော့ကရိတ်မြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၅/၂၀၂၄) ကျင်းပ

ကေ့ာကရိတ် မေ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လုပ်ငန်း​ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက်  ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်း‌‌ဝေက လတ်တလော လိုအပ်လျက်ရှိသည့် ပြန်လည်တည်​ထောင်​ရေးလုပ်ငန်းစဥ်များ ရှင်းလင်းတင်ပြဆွေးနွေးရာ တာဝန်ရှိသူများက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အမှတ် (၂) ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံ ဖွင့်လှစ်ထားရှိမှု၊ အမှတ် (၄) ရပ်ကွက်၊ ​တောင်​ပေါ်​ကျောင်းတိုက်သောက်သုံး​ရေ ရရှိ​ရေး​ ရေပိုက်သွယ်တန်းမှု၊ ကျောင်း​ဆောင်အမိုးများ ပြင်ဆင်မှုနှင့် ရပ်ကွက်အတွင်း လျှပ်စစ်မီးကြိုးများ ဓာတ်တိုင်များ ရှင်းလင်းသွယ်တန်းမှု၊ အမှတ်() ရပ်ကွက်အတွင်း စား​သောက်ကုန်ပစ္စည်းများ ​ရောင်းချမှု၊ ​​ယာယီနေရပ်စွန့်ခွာသူ အိမ်​ထောင်စုများ စာရင်း​ကောက်ယူမှု၊ ကယ်ဆယ်​ရေးပစ္စည်း​ထောက်ပံ့​ပေးအပ်မှုနှင့် ကော့ကရိတ်မြို့သို့ ပြန်လည်ဝင်ရောက်လာမည့် ယာယီနေရပ်စွန့်ခွာသူများအတွက် ဇိနသုခလောက သရဖူစေတီတော်ဝန်းအတွင်း၌ ယင်လုံအိမ်သာသန့်စင်ခန်း ဆောက်လုပ်‌ နေမှု အ​ခြေအ​နေတို့ကို ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ပြန်/ဆက်)