မြဝတီမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ပန်းအလှစိုက်ပျိုးခြင်းနှင့် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်
ကရင်ပြည်နယ် မြဝတီမြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်အညီ စိမ်းလန်းစိုပြည်လှပစေရေး စုပေါင်းသန့်ရှင်းရေးကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အာရှလမ်းမတစ်လျှောက် လမ်းလယ်ကျွန်းအတွင်းပန်းအလှပင်အသစ်များစိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့်လမ်းဘေးဝဲ/ယာတစ်လျှောက် အမှိုက်များရှင်းလင်းခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ သန့်ရှင်းရေးဝန်ထမ်းများက စုပေါင်းဆောင်ရွက်ကြသည်။