ဘောဂလိမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်

ဘောဂလိ  မေ  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင် ရေးသားသည့် ပညာနှင့်ဘဝအောင်မြင်ရေး လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြိုဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးစောဦးက အချိန်ဖြုန်းမှု လျှော့ချခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ရခဲလှသည့် လူ့ဘဝမှာ အလကားရသည့် အချိန်များကို မဖြုန်းပါနဲ့၊ စက္ကန့်တိုင်း မိနစ်တိုင်းမှာ တန်ဖိုးရှိပါတယ်၊ အကျိုးရှိရှိ အသုံးချတတ်ပါစေ စသည့် အကြောင်းများကို ဆွေးနွေးပြောကြားပြီး၊ ဦးရဲဝင်းက အချိန်ဖြုန်းခြင်း၏ အကြောင်းအရင်းများကို ဆွေးနွေးပြောကြားပြီးနောက် ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် အဖွဲ့ဝင်များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။

ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနတွင် ာဖတ်ဝိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း အချင်းချင်းတစ်ဦးနှင့်တစ်ဦး စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရသည်။

ကြည်ကြည်ခိုင်( ပြန်/ဆက် )