သံတောင်ကြီး မေ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့၌ ၂၀၂၄-ခုနှစ် မေလ(၁၂)ရက်နေ့တွင် ကျရောက်သည့် မိခင်များနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မိခင်များနေ့အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှ လူငယ်များနှင့် ဖခင်များက ဦးဆောင်ကာ မိခင်များအားဂုဏ်ပြုပေးသည့် အစီအစဉ်ဖြစ်ပြီး မိခင်များအားဂုဏ်ပြုပေးသည့် သီချင်းများသီဆိုပေးခြင်း၊ မိခင်များနှင့်ပတ်သက်သည့် တရားဒေသနာများဟောပြောပေးခြင်း၊ မိခင်များအား ဂုဏ်ပြုသည့် ကဗျာများရေးစပ်ခြင်း တို့ကိုဖတ်ကြားခြင်းနှင့်မိခင်များအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနေ့လယ်(၃)နာရီအချိန်တွင် မိခင်များကိုဂုဏ်ပြုသောအားဖြင့် အမေနှင့်ပတ်သက်သည့် သီချင်းများကို မြန်မာဘာသာ၊ ကရင်ဘာသာများဖြင့် ပြိုင်ပွဲများ ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ