ကေ့ာကရိတ်မြို့မ​စျေးတွင် စား​သောက်ကုန်ပစ္စည်းများ ​ရောင်းချ

ကော့ကရိတ် မေ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့သည် ယခုအခါ နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် မြို့တွင်းသို့ နေစဥ်ပြန်လည်ဝင်ရောက်နေထိုင်လာသည့် ပြည်သူများနေထိုင်မှုနှင့် စား​​သုံးမှုအဆင်​ပြေစားသောက်နိုင်ရေးအတွက် တာဝန်ရှိသူများ၏စီမံမှုဖြင့်စား​သောက်ကုန်ပစ္စည်းများကို စျေးသည်များမှ ​​နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စား​သောက်ကုန်ပစ္စည်းများ​ ရောင်းချ​ပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏စီမံမှုဖြင့် မြို့မ​စျေးတွင် မေလ ၅ ရက်​နေ့မှစ၍ ကေ့ာကရိတ်မြို့​ပေါ်မှ​စျေးသည်များနှင့် မြို့အနီးပတ်ဝန်းကျင်ရှိ လိုင်ဝ​ကျေးရွာ၊ရေလယ်ကုန်း​ကျေးရွာတို့မှ​ စျေးသည်များ လာ​ရောက်​ရောင်းချ​ပေးလျက်ရှိရာ ပြည်သူများအ​နေဖြင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆက်ဆက်စား​သုံးရသည့်​အတွက် အဆင်ပြေလျက်ရှိကြောင်း စား​သောက်ကုန်ပစ္စည်းများ လာ​ရောက်​ရောင်းချသည့် ​စျေးဆိုင်များသည်လည်း တစ်နေ့ထက်တစ်​နေ့ထက် တိုးလာ​ကြောင်း​ မြို့ခံစျေးဝယ်သူတစ်ဦး၏ ​ပြောကြားချက်အရ  သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)