သံတောင်ကြီးမြို့နယ်တွင် လေဘေးသင့်မိသားစုအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

သံတောင်ကြီး  မေ   ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် မေလ(၂)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် အိမ်အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ်အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကိုယမန်နေ့ နေ့လယ်(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းစိုးက အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်က ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နေအိမ်အမိုးလန်ပျက်စီးသွားသည့် ဦးစောဘွယ်ထူးအား အိမ်ဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်နှင့်လူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၁၄၇၀၀/-) စုစုပေါင်းထောက်ပံ့ငွေ(၆၄၇၀၀/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းစိုးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်လတ်တို့က လေဘေးသင့်အိမ်ထောင်စုထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။       

နော်နော်မူ