ကော့ကရိတ်မြို့ပြည်သူများ ​နေထိုင်စား​သောက်မှုအဆင်​ပြေ​စေ​ရေးအတွက် တာဝန်ရှိသူများမှ ကြီးကြပ်​ဆောင်ရွက်​

ကော့ကရိတ်မေ ၁၆

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့သည် ယခုအခါနယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် ဧပြီလ ၂၇ ရက်​နေ့မှစ၍ ပြန်လည်တည်​ထောင်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ယ​နေ့အထိ​ နေ့စဥ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ထိုသို့  ပြန်လည်တည်​ထောင်​ရေးလုပ်ငန်းများ​ဆောင်ရွက်ရာတွင် ယ​နေ့နံနက်ပိုင်း၌ အမှတ်()ရပ်ကွက်ရှိ လျှပ်စစ်ဓါတ်အားကြိုးများသွယ်တန်းခြင်း၊တောင်​ပေါ်​ကျောင်းတိုက်​ကျောင်း​ဆောင်အမိုးများပြင်ဆင်ခြင်း၊ ရေရရှိ​ရေး​ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက ပူး​ပေါင်း​ဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မြို့အတွင်းပြန်လည်ဝင်​ရောက်​နေထိုင်ကြသည့် ရဟန်းသံဃာ​တော်များ၊ ပြည်သူများကျန်းမာ​ရေး၊ သောက်သုံး​ရေရရှိ​ရေး၊ စားသောက်နေထိုင်မှုအဆင်ပြေစေရေးအတွက် ပြည်သူ့​ဆေးရုံဖွင့်လှစ်ထားရှိမှု၊  ရေသန့်စက်ရုံဖွင့်လှစ်ထားရှိမှု၊ စား​သောက်ကုန်ပစ္စည်းများ​ရောင်းချ​ပေးမှု၊ ပြန်လည်ဝင်ရောက်လာသည့် လူဦးရေအိမ်​ထောင်စုစာရင်း​ကောက်ယူမှုနှင့်ထောက်ပံ့ပစ္စည်းထုတ်​ပေးမှုအ​​ခြေအ​နေတို့ကို နယ်​မြေခံတပ်ရင်းတပ်ဖွဲ့နှင့်တာဝန်ရှိသူများ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နေ့စဥ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)