ကရင်ပြည်နယ်

လိပ်သိုဒေသထွက် သဘာ၀ကော်ဖီမှုန့်စစ်စစ်များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် အာရေးဗီးကားနှင့် Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ထွက်ရှိလာသောကော်ဖီစေ့များကို အမှုန့်ကြိတ်၍ ရောင်းချခြင်းဖြင့် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကျိုက်စံပြကျေးရွာတွင် နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲ ကျင်းပ

ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့ကျိုက်စံပြကျေးရွာ၊ ပအိုဝ်းကော့ကျိုက်ဘေးမဲ့တိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

ကော့ကရိတ်မြို့နယ်၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၆/၂၀၂၄) ကျင်းပ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၆/၂၀၂၄)အစည်းအဝေးကို မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က အဖွင့်အမှာစကားပြောကြားပြီး တက်​ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များက ​ဆောင်ရွက်​နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေသနေပြည်သူများ မူးယစ်ဆေးဝါး၏အန္တရာယ်နှင့်ဆိုးကျိုးများကို သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြိုင်ပွဲများ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က  ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ လစဉ် ပုံမှန်ထုတ်ပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်မှထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၏ ဝိဇာတမွေးနေ့ပူဇော်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ စုံနံ့သာမြိုင်ဆွေမြို့တော် မြိုင်ကြီးငူအထူးဒေသ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၏ (၆၅) နှစ်ပြည့် ဝိဇာတမွေး‌နေ့ အလှူတော်မင်္ဂလာနှင့် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်