လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမကြီးဘေးရှိ ကျောက်စီရေမြောင်းအား အုတ်ရိုးမြှင့်၍ ပလက်ဖောင်း လုပ်ငန်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် မေ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရေမြောင်းများ တူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လှိုင်းဘွဲ-ရှမ်းရွာသစ်လမ်းမကြီးဘေး ကျောက်စီရေမြောင်းအား အုတ်ရိုးမြှင့်၍ ပလက်ဖောင်းပြုလုပ်ခြင်း လုပ်ငန်းကို မေလ ဒုတိယပတ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြို့အင်္ဂါရပ်နှင့်အညီ လှပဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၉၈၅၀၀၀၀) ဖြင့် အရှည် (၄၇၅)ပေ၊ အကျယ် (၄)ပေ၊ အမြင့်(၄)ပေရှိ ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို  သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေးအတွက် လုပ်ငန်းတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးပြီဖြစ်ပါက ရေနှုတ်မြောင်းများ ယခင်ကထက် ရေစီးရေလာ ပိုမိုကောင်းမွန်ပြီး ဒေသဖွံ့ဖြိုးတိုး တက်လာမည်ကြောင်း မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဇင်လေး (ပြန်/ဆက်)