ကော့ကရိတ် မေ ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များကြောင့် မြို့အတွင်းလဲကျပြတ်ကျလျက်ရှိသော ဓာတ်တိုင်များ လျှပ်စစ်ကြိုးများ ပြန်လည်ပြင်ဆင်ခြင်း၊ သွယ်တန်းခြင်း၊ စစ်ဆေးရေးလုပ်ငန်းများကို မေလ ၃ ရက် နေ့မှစ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ် (၅)ရပ်ကွက်ရှိ ဓာတ်တိုင်များ ဓာတ်ကြိုးများသွယ်တန်းခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ခံ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33 KV ဓာတ်အားလိုင်း၊ မြို့ပေါ်ရပ်ကွက်(၇) ရပ်ကွက်များသို့ ဖြန့်ဝေသွယ်တန်းထားသော ဓာတ်အားလိုင်းများ တစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များ အသစ်လဲလှယ် တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသောသစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်မျိုးဝင်း