ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင်းကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကစာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မြေပြိုဘေးအန္တရာယ်အကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူ

သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းလျှင် မြေပြိုမှုများ မကြာခဏဖြစ်သည့်အတွက် မြေပြိုဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့်ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့၊ အမှတ် (၄) ကွက်လမ်းဆုံ၌ မြေပြိုဘေးအကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။

မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မွန်မြတ်ဖြူစင်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁  နာရီက အမှတ်(၁)ရပ်ကွက်၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ဝတ်စုံများထောက်ပံ့

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ဝတ်စုံများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၃.၈၃) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၁၃ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၉ ရက်နေ့အထိ ၅၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်တွင် အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၌ မီးဖိုဆောင်သုံးသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကော့ကရိတ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား မီးဖိုဆောင်သုံးသီးနှံ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် တောင်သူများအား မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ဒေါနခန်းမတွင် ပြုလုပ်ကျင်းပသည်။

ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် ခြင်များပေါက်ဖွားမှုနှုန်းလျော့နည်းစေရေးနှင့် ခြင်များမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈) နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်