ကော့ကရိတ်မြို့နယ်၌ မီးဖိုဆောင်သုံးသီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်

ကော့ကရိတ် ဇွန် ၁၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကော့ကရိတ်ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား မီးဖိုဆောင်သုံးသီးနှံ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် တောင်သူများအား မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က  ဒေါနခန်းမတွင် ပြုလုပ်ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအနေဖြင့် မီးဖိုဆောင်စရိတ် သက်သာချောင်ချိစေရေး သန့်ရှင်း လက်ဆတ်သော ဟင်းသီးဟင်းရွက် အသီးအနှံများအား အသင့်ခူးဆွတ်အဆင်ပြေစွာ စားသုံးနိုင်စေရေးအတွက် အသီးအနှံမျိုးစေ့များအား မိမိတို့၏ခြံဝန်းအတွင်း၌ပင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်စေရေးအတွက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းကိုမှ မီးဖိုဆောင်သုံးသီးနှံ ဟင်းသီးဟင်းရွက်သီး နှံမျိုးစေ့များနှင့် မျိုးစပါးများအား မျိုးစေ့ချကိရိယာများဖြင့်စနစ်တကျ ပျိုးထောင်စိုက်ပျိုးပြီး စပါးအထွက်နှုန်းပြည့်မီစွာ တိုးပွားထွက်ရှိစေရန်အတွက် တောင်သူများအား မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့‌‌နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာ တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ဟင်းသီးဟင်းရွက် မျိုးစေ့ထုတ်များနှင့် တောင်သူများအား စပါးမျိုးစေ့ချကိရိယာများအား အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်