ကရင်ပြည်နယ်

လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးကင်းစင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လေထုညစ်ညမ်းမှုလျှော့ချကာကွယ်စေရေး ရည်ရွယ်ချက်ဖြင့် World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က လှိုင်းဘွဲမြို့အဝင်ပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအပျော်စီးစက်ဘီးစီးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အား/ကာဦးစီးမှူး ဒေါ်မိနန္ဒာမွန်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အများပြည်သူ သတင်းသိရှိပိုင်ခွင့်ပိုမိုရရှိနိုင်စေရန် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲ ကျင်းပ

ဒေသတွင်းဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်နေမှုများ၊ ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်နေမှုများကို အချိန်နှင့်တပြေးညီ အများပြည်သူသိရှိနိုင်ရေးအတွက် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ပိုင်ကျုံမြို့ အမှတ် (၃) ရပ်ကွက်၌ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး ဆေးစိမ်ခြင်ထောင်များ လက်ဝယ်အရောက် ထောက်ပံ့ပေး

အများပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့် ခြင်အန္တရာယ်နှင့် ပတ်သက်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုင်ကျုံမြို့ အမှတ် (၃) ရပ်ကွက်ရှိ ပြည်သူများထံ ဆေးစိမ်ခြင်ထောင်များအား ယမန်နေ့ မွန်းလွဲပိုင်းက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ခြင်ပေါက်ဖွားမှုနှုန်း လျော့နည်းစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်များနှင့် အခြေခံပညာကျောင်းများတွင် ခြင်ပေါက်ဖွားမှုနှုန်းလျော့နည်းစေရေးအတွက် ယမန်နေ့က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေး

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက်စေရန် လူတိုင်းသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံကာ လိုအပ်သော ရောဂါရှာဖွေစမ်းသပ်မှုများနှင့် ကုသမှုများကို မိမိတို့ဒေသ၌ လက်လှမ်းမီရရှိခြင်းဖြင့် ကျန်းမာသက်ရှည်စွာနေထိုင်နိုင်စေရေး လုပ်ငန်းစဉ်တစ်ရပ်အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဒေသခံပြည်သူများအား ဆေးကုသမှုများဆောင် ရွက်ပေးခဲ့သည်။

ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်၌ ခြင်မှတဆင့်ဖြစ်တတ်သောရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေး

ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့် ခြင်အန္တရာယ်နှင့် ပတ်သက်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဇွန်လ ၈ ရက်နေ့က ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်ရှိ အ-မ-က နို့ထို့ခေးကျောင်း၌  ဆေးစိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့ အ-မ-က(၁၆)ကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကေ့ာကရိတ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကော့ကရိတ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အ-မ-က (၁၆)ကျောင်း၌ ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ကြောင်း သိရသည်။

မြဝတီမြို့နယ်၌ ယာယီပြောင်းရွှေ့နေထိုင်သူ ပြည်သူများအတွက် ဆန်ရိက္ခာဖိုးများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ သင်္ဃန်းညီနောင်ကျေးရွာနှင့် ရွာသစ်ကျေးရွာတို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘာသာရေးအဆောက်အဦများသို့ ယာယီပြောင်းရွှေ့ (ထပ်တိုး) ရောက်ရှိလာသည့် ပြည်သူများအား တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၆ ရက်က ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု တစ်စုချင်းအလိုက် ထောက်ပံ့ပေးအပ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထားဆောင်ရွက်

ကမ္ဘာ့နိုင်ငံများတွင် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များရရှိနိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

မြဝတီမြို့၌ ဆေးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြဝတီမြို့နယ်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်ခြောက်ဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်