ရှမ်းရွာသစ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   ဇွန် ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မြို့ပေါ်ရပ်ကွက်များနှင့် အခြေခံပညာကျောင်းများတွင် ခြင်များပေါက်ဖွားမှုနှုန်းလျော့နည်းစေရေးနှင့် ခြင်များမှတစ်ဆင့် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈) နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများကပူးပေါင်း၍ မိုးတွင်းကာလတွင် ပြည်သူများအသုံးပြုနေသည့် ရေစည်၊ ရေကန်များ၊ ဘုရားပန်းအိုးများတွင် ခြင်များပေါက်ဖွားမှုမရှိစေရေးနှင့် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို  အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကြောင့် မိုးရာသီကာလအတွင်း ခြင်များပေါက်ဖွားမှုနှုန်းလျော့နည်းစေပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)