ကရင်ပြည်နယ်

ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၄) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များစာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိ စေရန်နှင့်စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော “လူထုသိပ္ပံကျမ်း”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း ယခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ခုနစ်သိန်းနှစ်သောင်းကျော် ငါးမျိုးစိုက်ထည့်ပေးမည်

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်တွင် ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းတို့မှ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၇၂၀၀၀၀(ခုနစ်သိန်းနှစ်သောင်း)ကျော် ထုတ်လုပ်၍ သဘာဝမြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ကန်ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီခွဲက ဘားအံမြို့နယ်၊ တရုတ်လှလျှပ်စစ်မြစ်ရေတင်၌ သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့သည်။

ကရင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

လှိုင်းဘွဲမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပိုင်ကျုံမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်ရှိ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် အခြေခံပညာကျောင်းများတွင် ခြင်ပေါက်ဖွားမှုနှုန်း လျော့နည်းစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့က သက်ဆိုင်ရာတာဝန်ရှိသူများတို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေ ဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ညီညီနိုင် ရေးသားသော “ပညာနှင့်ဘဝအောင်မြင်ရေးလမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီအစည်းအဝေး (၁၁/၂၀၂၄) ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၁၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှမ်းရွာသစ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများ တောင်သူများထံသို့လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ‌ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများကို ယနေ့နံနက်ပိုင်းက တောင်သူများ ထံသို့ လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခံကြောင်း သိရသည်။
Subscribe to ကရင်ပြည်နယ်