ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီး

ပိုင်ကျုံ  ဇွန်  ၁၀

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂-၂၀၂ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (.၈၃) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စံပယ်လမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၉ ရက်နေ့အထိ ၅၀ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို အရှည်(၂၀)ပေ၊ အကျယ်()ပေ အမြင့်(၃)ပေရှိ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုလုပ်ငန်းပြီးစီးပါက မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်လာစေပြီး ရပ်ကွက်တွင်းရေကြီး၊ ရေလျှံမှုကိုကာကွယ်နိုင်သည့်အပြင် အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ရေးအတွက် အဆင်ပြေလွယ်ကူ‌လာမည်ဖြစ်ကြောင်း သိရပါသည်။

နော်ခူး(ပြန်/ဆက်)