ကရင်ပြည်နယ်

မြဝတီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးကွင်းဆင်း​ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့ ဒေသခံပြည်သူများအနေဖြင့် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။

ဘားအံမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေး

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဇွန်လ ၂၇ ရက်နေ့က ဘားအံမြို့နယ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ကြသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာရွှေ့ပြောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့

မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် မြန်မာရွှေ့ပြောင်းအခြေခံပညာကျောင်းပေါင်း ၂၉ ကျောင်းဖွင့်လှစ်ထားရှိပြီး KG တန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူ ၅၅၃၄ ဦး ပညာသင်ကြားလျက်ရှိရာ ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၄ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကော့ကရိတ်မြို့အတွင်း ပြန်လည်နေထိုင်သူအိမ်ထောင်စုများအား လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် နေအိမ်မီးလောင်ပျက်စီးသွား၍ ဒေသအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သူ အိမ်ထောင်စုများအား ကော့ကရိတ်မြို့၊ မြို့မအားကစားရုံ၌ ယမန်နေ့က လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများနှင့် အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များ အသိပညာပေးဟောပြော

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရင်းဝန်ထမ်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍ သိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကရင်ပြည်နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လူထုအသိပညာပေး လှုပ်ဆော်ရေးမြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြို့အဝင်ကြာပန်းအဝိုင်းထိပ်၌ ပြုလုပ်ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အ.မ.က ခမရ (၆၀၃)ကျောင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ Mobile စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် ကားလမ်းများပြန်လည်ဖွင့်လှစ်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှစတင်ပြီး အကြမ်းဖက်သောင်းကြမ်းသူများမှ ကော့ကရိတ်မြို့တွင်းနှင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ဝင်ရောက်နှောင့်ယှက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲများဖြစ်ပွားကာ အာရှလမ်းမကြီးအား ယာယီပိတ်ထားခဲ့ရပြီး မော်တော်ယာဉ်များနှင့်ကုန်စည်များ ကူးသန်းသွားလာရောင်းဝယ်မှုများ ပြတ်တောက်ခဲ့ရကြောင်း သိရသည်။

ကရင်ပြည်နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းသော မြို့နယ်နှင့်ကျောင်းများအား ဂုဏ်ပြုချီးမြှင့်

ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းမွန်သောမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများနှင့်အောင်ချက်ကောင်းသော ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်