ကရင်ပြည်နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းသော မြို့နယ်နှင့်ကျောင်းများအား ဂုဏ်ပြုချီးမြှင့်
ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်ကောင်းမွန်သောမြို့နယ်များမှ မြို့နယ်ပညာရေးမှူးများနှင့်အောင်ချက်ကောင်းသော ကျောင်းများမှ ကျောင်းအုပ်ကြီးများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။