ကရင်ပြည်နယ်

ဘားအံမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဘားအံခရိုင်ရုံးခွဲနှင့် ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ဘားအံခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ အစီအစဉ်ဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အသိပညာပေးဟောပြောပွဲကို ဇွန်လ ၃၀ ရက်နေ့နံနက်ပိုင်းက ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

သဘာဝရေပြင်ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်

ဒေသ၏ ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် သဘာဝရေပြင်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီအချိန်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့၊ ကန်သာယာအတွင်း ငါးမျိုးများစိုက်ထည့်ပေးခဲ့သည်။

ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြော

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူကလေးများအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော စည်းမျဉ်းစည်းကမ်းဥပဒေဆိုင်ရာအကြောင်းအရာများအား နားလည်သဘောပေါက်နိုင်စေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သရဖီခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူကလေးများအား အထွေထွေဗဟုသုတများနှင့် သိသင့်သိထိုက်သော ဥပဒေဆိုင်ရာအကြောင်းအရာများအား နားလည်သဘောပေါက်နိုင်စေရေးအတွက် ဥပဒေအသိပညာပေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိရတနာခန်းမ၌ ပြုလုပ်ကျင်းပသည်။

ရှမ်းရွာသစ်မြို့၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် သစ်တောသစ်ပင်ပြုန်းတီးမှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်း

ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲကို ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။

ဘားအံမြို့၌ မြန်မာအမျိုသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှု မောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့်အမျိုးသမီးများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေးကိုကာကွယ်စောင့်ရှောက်ရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကာယကြံ့ခိုင်မှုမောင်၊ ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကို ဘားအံမြို့ဇွဲကပင်ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား (ဒုတိယအကြိမ်) ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လှိုင်းဘွဲမြို့နယ်၊ ထီလုံ-နဘူးမော်တော်ကားလမ်း ၊  လမ်းဘေးဝဲယာ (၆ ဒဿမ ၅) ကီလိူမီတာ မှ (၇ ဒဿမ ၅) ကီလိုမီတာ၌  ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)အဖြင့် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ အမှတ်(၂)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးစောကြာအင်း၊  အမှတ်(၁၀၁၅) နယ်ခြားစောင့်တပ်ရင်းမှ တပ်ရင်းမှူး  ဗိုလ်မှူးဝင်းနိုင်စိန်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ခံနှင့် ဝန်ထမ်းများ၊  ကျေးရွာသူ၊ ကျေးရွာသားများ ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။

ပြည်နယ်အတွင်းရှိ ကျောင်းတိုက်များသို့ ပိဋကတ်သုံးပုံပါဋ္ဌိတော် ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်အကြီးအကဲက လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဋ္ဌိတော်(မြန်မာ၊ ရိုမန်) အက္ခရာနှစ်မျိုး ပိဋကတ်ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်း၌ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒအမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Subscribe to ကရင်ပြည်နယ်