မြဝတီ ဇွန် ၂၉
ကရင်ပြည်နယ်၊ မြဝတီမြို့ ဒေသခံပြည်သူများအနေဖြင့် မိုးရာသီကာလများ၌ ဖြစ်ပွားမှုနှုန်းများသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ဦးဆောင်မှုဖြင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အမှတ်(၃) ရပ်ကွက်အတွင်းရှိ လုံးချင်းနေအိမ်များ၊ နေအိမ်တန်းလျားတို့၌ တစ်အိမ်တက်ဆင်းဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးဆွေးနွေးပြောကြားပြီး ခြင်၊ ပိုးလောက်လန်းများ မပေါက်ဖွားစေရန် အသုံးပြုနေသည့် ရေစည်၊ ရေကန်များ၊ ဘုရားပန်အိုးများအား ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို စနစ်တကျစုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)