(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ကျေးရွာအုပ်စု၊ ပါရမီတံတားအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်၊ ဌာနပေါင်းစုံအမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဘားအံ-လှိုင်းဘွဲလမ်းမကြီး၊ မဲဘောင်-ရသဝေါ်-လှာကမြင်-သာနုံး-ကော့ထော်လမ်း၊ မိဇံ-ကော့ကူး-ပေါ့ထော်-နောင်ကမြိုင်လမ်းတို့နှင့်ချိတ်ဆက်ထားသည့် လှာကမြင်ကျေးရွာအုပ်စု၊ ပါရမီတံတားအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။