လှိုင်းဘွဲ ဇူလိုင် ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ရွှေးကောက်ပွဲအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ထွန်း၊ မြို့နယ်ရွှေးကောက်ပွဲအရာရှိ ဦးရဲခေါင်သန်းဇော် နှင့် သင်တန်းနည်းပြများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း အဆင့်ဆင့်တို့ကို ဆွေးနွေးသင်ကြားပို့ချပေးကြသည်။
သင်တန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ သင်တန်းအပတ်စဉ် ခြောက်ကြိမ်ဖြင့် တစ်ကြိမ်လျှင် နှစ်ရက်၊ သင်တန်းသား ဆရာ၊ဆရာမ (၁၆၈)ဦးဖြင့် သင်တန်းသား စုစုပေါင်း ဆရာ၊ ဆရာမ(၁၀၀၀)ဦးတို့အား သင်တန်းနည်းပြဆရာ (၂၁)ဦးမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)