ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများကျင်းပ

ပိုင်ကျုံ  ဇူလိုင်   ၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  လူထုအခြေပြုဗဟိုဌာန၌  ၂၀၂၅ ခုနှစ်၊ ဇူလိုင်၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်​နေ့ကို အောက်မေ့သောအားဖြင့် ယနေ့နံနက် ၉ အချိန်က အသိပညာ​ပေး‌ရေးလုပ်ငန်းနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် (Book Club)အဖွဲ့ဝင်တို့ပူးပေါင်း၍ အာဇာနည်နေ့နှင့် ပတ်သက်သောအသိပညာပေး အ‌ကြောင်းအရာများကို၏ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်း၊ ပုံတူပန်းချီရေးဆွဲခြင်းနှင့်ကဗျာရွတ်ဆိုခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် သည့်ကျောင်းသားလူငယ်များနှင့် ဆုရရှိသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများ လစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)