လိပ်သို ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီနှင့် စာစီ စာကုံးပြိုင်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲ ၁နာရီက အဆိုပါကျောင်းရှိ နှင်းဆီဆောင်ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှေးဉီးစွာ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဝေဉီးက ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုပြောကြားခဲ့သည်။ ဆက်လက်ပြီးပြိုင်ပွဲကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၇၆)ဦးနှင့် အလယ်တန်းအဆင့် ကဗျာနှင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၈၄)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးအသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်