မရမ်းကုန်း သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဦးစီး၍အာဟာရဖွံဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှုများကို အ.ထ.က(၁)၊ အ.လ.က (၄) နှင့် အ.မ.က (၂) ကျောင်းများတွင် ယမန်နေ့နံနက်ပိုင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာရဲမင်းအေးနှင့် ကျောင်းကျန်းမာရေး တာဝန်ခံဆရာမဒေါ်ဇင်မာထိုက်တို့က အစာအုပ်စုများအကြောင်းရှင်းလင်းပြောကြားပြီး ထမင်းဘူးစနစ် ကြည့်ရှုခြင်းနှင့် အဟာရတိုက်ကျွေးမှုများဆောင်ရွက်ခဲ့ရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အေးအေးအောင် (ပြန်/ဆက်)