ထန်းတပင်မြို့နယ်တွင် လူငယ်​ရေးရာအသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

ထန်းတပင်(ရန်ကုန်)၊   ဩဂုတ်(၁၈)ရက်

ကျောင်းသား၊ ကျောင်းသူများအား မျိုးချစ်စိတ်ဓါတ်များရှင်သန်ထက်မြတ်စေရေး၊ အကျင့်စာရိတ္တကောင်းမွန်စေရေးနှင့် ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ..က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ..က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမ တွင်ကျင်းပသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ..က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးအေးမောင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးက ကျောင်းသားကျောင်းသူကလေးငယ်များအား မူယစ်ဆေးဝါးအန္တရာယ်များအကြောင်းသိကောင်းစရာများနှင့် လူငယ်များစာဖတ်ကြရေးတို့ကို အသိပညာပေးဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကလည်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်များကြည့်ရှု့ လေ့လာခဲ့ကြကာ သုတ၊ရသစာအုပ်စာစောင်များကိုလည်း ဖတ်ရှုလေ့လာခဲ့ကြ ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)