ပိုင်ကျုံ ဖေဖော်ဝါရီ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘားအံ-မော်လမြိုင် ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲနှင့် ကျောင်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်းနှင့်ဆုတောင်းခြင်းဖြင့်စတင်ပြီး (C.T.S) အတန်းမှ ကျောင်းဆင်း နော်စလေးနှင့် (L.Th)အတန်းမှ ကျောင်းဆင်း နော်ဖေါတာစူတို့မှ ကျောင်း၏အဓိက ရည်မှန်း ချက်များကို ရှင်းလင်းပြောကြားပြီး ကျမ်းစာကျောင်းဆင်း ကျောင်းသား/သူများအား တာဝန်ရှိသူများတို့က ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြင့်ခဲ့ပြီး (M.I.T)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာအယ်တာ ဂေကကျောင်းဆင်းသည့် ကျောင်းသား/သူများကို အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ထူးချွန်စွာ ဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ဘားအံ-မော်လမြိုင် ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ လဘားနိုက အခမ်းအနားဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီထောက်ပံ့သူများအားလုံး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ ကြောင်း သိရသည်။
ဘားအံ-မော်လမြိုင် ကရင်နှစ်ခြင်းခရစ်ယာန် ကျမ်းစာသင်ကျောင်း၌၂၀၂၃-၂၀၂၄ပညာသင်နှစ်၌ ကျောင်းသား/သူ ၁၀၀ ကျော် တက်ရောက်ပညာသင်ယူခဲ့ပြီး အလယ်တန်းအဆင့်(C.T.S)ကို သုံးနှစ်ပညာသင်ယူရမည်ဖြစ်ပြီး အထက်တန်းအဆင့်(L.Th)ကို လေးနှစ်ပညာသင်ယူရမည်ဖြစ်ကြောင်း ယခုနှစ်တွင် ကျမ်းစာပညာသင်ယူ ပြီးမြောက်သည့် ကျောင်းသား/သူ (၃၂)ဦးရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)