မိုင်းခုတ် ဖေဖော်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မီးသတ်ဦးစီးဌာနမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသရုပ်ပြပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၀၁:၃၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်က မီးဘေးအန္တရာယ်မဖြစ်ပွားမီ ကြိုတင်သိရှိပါက ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဖြစ်ပွားလာပါက မိမိကိုယ်တိုင်နှင့်ပတ်ဝန်းကျင်အား ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများ၊ ဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီးနောက် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ဘေးအန္တရာယ်ဖြစ်လာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို လက်တွေ့သရုပ်ပြ သင်ကြားပြသပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေးအစီအစဉ်အား ရပ်ကွက်(၃)ရပ်ကွက်နေ အရံမီးသတ်တပ်ဖွဲ့ဝင်မည့် ပြည်သူများကို ဟောပြောသရုပ်ပြဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး၊ အခမ်းအနားသို့ မြို့မီးသတ်ဦးစီးဌာနအဖွဲ့နှင့်မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ဦးဆောင်သော မြို့ဌာနဆိုင်ရာများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ဆက်)